စတိဗ် ဒေးဗစ်
အင်္ဂလိပ် ပရော်ဖက်ရှင်နယ် စနူကာကစားသမားဟောင်း၊ ကမ္ဘာ့ချန်ပီယံ ၆ ကြိမ်ရရှိသူ (၁၉၈၉ ခုနှစ်တွ / From Wikipedia, the free encyclopedia
စတိဗ် ဒေးဗစ် (အင်္ဂလိပ်: Steve Davis) OBE (born 22 August 1957) သည် အနားယူပြီးဖြစ်သော အင်္ဂလိပ်လူမျိုး အဆင့်မြင့် စနူကာအားကစားသမားဖြစ်သည်။ ဇာတိမှာ လန်ဒန်မြို့ အရှေ့တောင်ပိုင်း ပလမ်းစတက် (Plumstead) ဆင်ခြေဖုံးဖြစ်သည်။၁၉၈၀နှစ်များအတွင်း ဤကစားနည်းကို လွှမ်းမိုးနိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ခြောက်ကြိမ်ဖြစ်ခဲ့သည်။ ကမ္ဘာ့အဆင့်(၁)နေရာကို ခုနှစ်ရာသီဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့ကာ ပေါင်စတာလင် (၁)သန်းကျော် ဆုကြေးငွေကို ရရှိခဲ့သော ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ၁၉၈၈တွင် ဘီဘီစီ၏ 'တစ်နှစ်တာ အားကစားသမားဆု' ကိုရရှိခဲ့ပြီး ထိုဆုကို ရရှိသည့် တစ်ဦးတည်းသော စနူကာကစားသမား ဖြစ်သည်။
၂၀၁၂-ဂျာမန်မာစတာ၌ တွေ့ရစဉ် | |
မွေးဖွား | (1957-08-22) ၂၂ ဩဂုတ်၊ ၁၉၅၇ (အသက် ၆၆)[1] Plumstead, London, England |
---|---|
ကိုယ်စားပြု နိုင်ငံ | အင်္ဂလန် |
အမည်ပြောင် | |
သက်မွေးဝမ်းကျောင်း (အဆင့်မြင့်) | ၁၉၇၈–၂၀၁၆ |
အမြင့်ဆုံး အဆင့် | အဆင့်(၁)(၁၉၈၃/၁၉၈၄–၁၉၈၉/၁၉၉၀) |
ကစားသမားဘဝ အောင်မြင်မှုများ | £ 5.5 million[2][4][5] |
အမြင့်ဆုံး တစ်ချီတည်းအမှတ်ယူနိုင်မှု | ၁၄၇ : 1982 Classic |
အမှတ် (၁၀၀) (သို့) အထက် | ၃၅၅ |
Tournament wins | |
အဆင့်သတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၂၈ |
အဆင့်မသတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၅၅ |
ကမ္ဘာ့ချန်ပီယံ |
|
ဒေးဗစ်သည် အဆင့်သတ်မှတ်ပြိုင်ပွဲ (၂၈)ပွဲ အနိုင်ယူနိုင်ခဲ့ပြီး ဆုအများဆုံးရရှိသူစာရင်း၌ စတုတ္ထမြောက် ပုဂ္ဂိုလ်ဖြစ်သည်။ ကမ္ဘာ့ချန်ပီယံဆု ခြောက်ခုအပြင် မာစတာ သုံးကြိမ်၊ ယူကေချန်ပီယံ ခြောက်ကြိမ်ရရှိခဲ့သောကြောင့် 'သုံးထပ်ကွမ်းသရဖူ' (Triple Crown) ၁၅ ကြိမ်ရရှိခဲ့သည်။ ရော်နီ အို ဆူလစ်ဗန် (၁၉)၊ စတီးဗန် ဟန်ဒရီ (၁၈) တို့နောက် တတိယမြောက် ကစားသမားဖြစ်သည်။ ၁၉၈၇-၈၈ ရာသီတွင် ဒေးဗစ်သည် တစ်ရာသီအတွင်း သုံးထပ်ကွမ်း သရဖူပြိုင်ပွဲ သုံးခုစလုံးကို အနိုင်ရသော ပထမဆုံးကစားသူဖြစ်လာခဲ့ကာ ဤသို့ရရှိသော ကစားသမားသုံးဦး (မာ့ခ် ဝီလျံစ်၊ ဟန်ဒရီ ) ထဲတွင် အပါအဝင်ဖြစ်သည်။ တစ်ချီတည်းအမှတ်ရာချီထိုးနိုင်မှုပေါင်း (၃၅၅) ကြိမ်ရခဲ့ပြီး အမြင့်ဆုံးအမှတ် (၁၄၇) ကို ၁၉၈၂ ကလပ်စစ်ပြိုင်ပွဲတွင် ရရှိခဲ့သည်။ ၁၉၈၅ ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲ၌ ဒန်းနစ် တေလာနှင့် ထိုးရသော ပွဲငယ်တစ်ခု၌ နောက်ဆုံး အဆုံးအဖြတ်ပေးမည့် 'အနက်ဘောလုံး' ထိုးရမှုအနေအထားတွင် ကြည့်ရှုသူပေါင်း ၁၈.၅သန်း အထိ ဆွဲဆောင်နိုင်ခဲ့ကာ ထိုစဉ်က သန်ခေါင်ကျော် ရုပ်သံလွှင့်အစီအစဉ်တွင် စံချိန်တစ်ရပ်လည်း ဖြစ်ခဲ့သည်။
၎င်း၏ စမူကာအားကစားအပေါ် လွှမ်းမိုးနိုင်မှုသည် ၁၉၉၀ နှစ်များ၌ ဟန်ဒရီ ပေါ်ထွက်ကျော်ကြားလာပြီးနောက် အဆုံးသတ်သွားခဲ့ရသော်လည်း အဆင့်တန်းမြင့်သည့် အနေအထားဖြင့် နောက်ထပ် ဆယ်စုနှစ် နှစ်ခုကျော်ကြယ ပါဝင်ယှဉ်ပြိုင် ကစားခဲ့သည်။ အသက် (၃၉) ၁၉၉၇၌ မာစတာပြိုင်ပွဲ အနိုင်ရပြီး ၂၀၀၅ခု အသက် (၄၈)တွင် ယူကေဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ သို့တိုင် ၂၀၀၇-၀၈ ရာသီ အသက်(၅၀) အရွယ်၌ ထိပ်တန်း (၁၆)ဦးစာရင်းတွင် ပါဝင်နေခဲ့သေးသည်။ အသက် (၅၂) အရွယ် ၂၀၁၀ စနူကာ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ 'ခရူးစစ်ဘဲလ်' ရုံတွင် စံချိန်အဖြစ် အကြိမ် (၃၀) မြောက် ကမ္ဘာ့ချန်ပီယံကို ပါဝင်ကစားခဲ့သည်။ ထို၌ လက်ရှိချန်ပီယံ ဂျွန် ဟစ်ဂင်စ် ကို အနိုင်ယူခဲ့၍ ကွာတားအဆင့်သို့ တက်ရောက်ခဲ့သေးသည်။ ၂၀၁၆ ဧပြီ ၁၇၊ အသက် (၅၈) နှစ်၌ ၎င်း၏ (၃၈) ခုမြောက်ရာသီအပြီးတွင် အားကစားမှ အနားယူကြောင်း ကြေညာခဲ့၏။[5] ဘီဘီစီ၏ စနူကာပွဲများအတွက် အစီရင်ခံသူ၊ ရုပ်သံအကဲဖြတ်သူအဖြစ် တက်တက်ကြွကြွ ဆောင်ရွက်လျက် ရှိသည်။ ၁၉၈၈ ဗြိတိဘုရင်မကြီး၏ မွေးနေ့တွင် 'MBE' ဘွဲ့၊ သက္ကရာဇ် ၂၀၀၀ တွင် 'OBE' ဘွဲ့ ချီးမြင့်ခြင်း ခံရသည်။[6] [7] [8] [9]