၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ
ဇူလိုင်လမှဩဂုတ်လ ၂၀၂၁ အထိ တိုကျို၌ကျင်းပသောအိုလံပစ်ပွဲ / From Wikipedia, the free encyclopedia
၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲ (သို့မဟုတ်) တိုကျို၂၀၂၀ (အင်္ဂလိပ်: '2020 Summer Olympics (or) Tokyo 2020')သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၃ရက်မှ ဩဂုတ်လ ၈ရက်နေ့အထိ ကျင်းပခဲ့သော ၃၂ကြိမ်မြောက် နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲဖြစ်သည်။၂၀၂၀ပြည့်နှစ် ဇူလိုင်လမှ ဩဂုတ်လအတွင်း ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရကာ[2] ၂၀၂၁ခုနှစ်ဇူလိုင်လ ၂၃ရက်နေ့မှ ဩဂုတ်လ ၈ရက်နေ့အထိ ကျင်းပရန် စီစဉ်ခဲ့ကြသည်။[3]
အိမ်ရှင်နိုင်ငံ | တိုကျိုမြို့၊ ဂျပန်နိုင်ငံ | ||
---|---|---|---|
ဆောင်ပုဒ် | United by Emotion[1] | ||
နိုင်ငံများ | ၂၀၅ (+ EOR) | ||
ပါဝင်ယှဉ်ပြိုင်သူ | ၁၁၀၉၀ | ||
ပွဲစဉ်များ | ၃၃၉ (၃၃) | ||
ဖွင့်ပွဲအခမ်းအနား | ၂၃ ဇူလိုင် ၂၀၂၁ | ||
ပိတ်ပွဲအခမ်းအနား | ၈ ဩဂုတ် ၂၀၂၁ | ||
ဖွင့်လှစ်သူ | ဂျပန်နိုင်ငံ ဧကရာဇ် | ||
အားကစားကွင်း | ဂျပန် အမျိုးသားအားကစားကွင်း | ||
နွေရာသီ အားကစားပွဲ | |||
| |||
ဆောင်းရာသီ အားကစားပြိုင်ပွဲ | |||
|
ပြိုင်ပွဲကို ၂၀၂၁ခုနှစ်သို့ ရွှေ့ဆိုင်းထားသော်လည်း ပြိုင်ပွဲ၏ အမည်ကိုမူ ၂၀၂၀ဖြင့်သာ ဆက်လက်ထားရှိသည်။ဤသည်မှာ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဆိုင်းငံ့ပြီး ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၆၄တိုကျိုပွဲတော်ကိုလည်း လက်ခံကျင်းပဖူးပြီး ယခုအခါ ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် တိုကျိုမြို့သည် အာရှနိုင်ငံများတွင် နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ၂ကြိမ်တိုင် လက်ခံကျင်းပသည့် ပထမဆုံးမြို့ဖြစ်လာခဲ့သည်။